Shan United FC
3
-
1
Zwekapin United FC
Nang Phyu Phyu Thwe 32′
Thaw Tar Hnin 52′
Sandar Aung 66′
Belinda Ofori 15′
ယနေ့ပွဲတွင် ဧည့်သည် ဇွဲကပင်ယူနိုက်တက်အသင်းသည် ခြေစွမ်းကောင်းခဲ့ပြီး ပွဲချိန် ၁၅ မိနစ်တွင် Belinda ၏ ဂိုးဖြင့် အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းကို ဦးဆောင်ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းက ချေပဂိုးပြန်လည်ရခဲ့ပြီး နန်းဖြူဖြူသွယ်က သွင်းပေးခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ပင်နယ်တီရခဲ့သော်လည်း ဧည့်သည်အသင်း ဂိုးသမား ဝိုင်းတုံချစ်က လက်စွမ်းပြပုတ်ထုတ်ခဲ့သဖြင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေကျခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်နှင့် ၆၅ မိနစ်များတွင် အိမ်ရှင်အသင်းမှ ဂိုးနှစ်ဂိုးရခဲ့ပြီး သော်တာနှင်းနှင့် စန္ဒာအောင်တိုက သွင်းပေးခဲ့သည်။ ပွဲအပြီးတွင် အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။