Ayeyawady FC
2
-
1
Myawady FC
Zi Tar Shin (23’, 45+2’)
Pont Pont Pyae Maung (55’)
ယနေ့ပွဲတွင် ဧရာဝတီအသင်းသည် မြဝတီအသင်းကို ဖိအားပေးကစားခဲ့သော်လည်း မြဝတီအသင်း၏ မာမာထန်ထန် တုံ့ပြန်မှုများကြောင့် အနည်းငယ်အခက်တွေ့ခဲ့သည်။ သို့သော် ပွဲချိန် ၂၃ မိနစ်တွင် ဧရာဝတီအသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး Zi Tar Shin က သွင်းပေးခဲ့သည်။ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို နှစ်မိနစ်တွင် ဧရာဝတီအသင်းက ဒုတိယဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး Zi Tar Shin ကပင် ထပ်မံ သွင်းပေးခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင်လည်း မြဝတီအသင်းသည် ပထမပိုင်းကဲ့သို့ပြင် မာမာထန်ထန် တုံ့ပြန်နိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၅၅ မိနစ်တွင် ချေပဂိုး ရခဲ့ပြီး ပုံ့ပုံ့ပြည့်မောင်က သွင်းယူပေးခဲ့သည်။ ပွဲအပြီးတွင် ဧရာဝတီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။