Thitsar Arman FC Vs Shan United FC

Home Fixtures 2026-27 Thitsar Arman FC Vs Shan United FC

Thitsar Arman FC

1

-

1

Shan United FC

Win Win 90 + 3′

Nant May Thazin 84′

ယနေ့ပွဲတွင် နှစ်သင်းစလုံးမှ အဓိက ကစားသမား အများစုဖြင့်သာ ပွဲထွက်လာခဲ့ကြသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ဂိုးကန်သွင်းခွင့် အကြိမ်အရေ ပိုမိုရခဲ့ပြီး သစ္စာအားမာန် အသင်းမှလည်း တန်ပြန်တိုက်စစ်များဖြင့် ပြန်လည် တုံပြန်ခဲ့သည်။ ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေ ရလဒ်သာထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း မိနစ် ၈၀ အထိ ဂိုးမရှိ သရေကျနေပြီး ပွဲချိန် ၈၃ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းက ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို နန့်မေသဇင်က ပိတ်သွင်းယူပေးခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် လက်ကျန်မိနစ်များတွင် အနိုင်ရလဒ်ထိန်းကစားရင်း နိုင်ပွဲစတင်ရရှိရန် နီးစပ်ခဲ့သော်လည်း နာကျင်အချိန်ပို ၉၀+၂ မိနစ်တွင် ချေပဂိုး ခွင့်ပြုခဲ့ရသည်။ သစ္စာအားမာန်အသင်းအတွက် ချေပဂိုးကို ဝင်းဝင်းက သွင်းပေးခဲ့သည်။ ထိုကြောင့် ပွဲအပြီးတွင် တစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။

Thitsar Arman FC Vs Shan United FC | Myanmar Women's League 2026-27 | Highlights

Thitsar Arman FC Vs Shan United FC | Myanmar Women's League 2026-27 | Full Match

You can view the PDF version here.

No Information yet