Ayeyawady FC
1
-
2
I.S.P.E FC
May Htet Lu 65′
Shwe Yee Tun (22′,49′)
ယနေ့ပွဲစဉ်တွင် နှစ်သင်းစလုံးမှ အဓိကကစားသမားအများစုဖြင့်ပွဲထွက်လာပြီး ဧရာဝတီအသင်းခေါင်းဆောင် အဖြစ် နော်ထက်ထက်ဝေ၊ ISPE အသင်းခေါင်းဆောင်အဖြစ် ခင်မာလာထွန်းတိုမှ ဦးဆောင်လာခဲ့ကြသည်။ အစောပိုင်း မိနစ်များတွင် ISPE အသင်းက ဧရာဝတီအသင်းထက် ကစားပုံပိုကောင်းခဲ့ပြီး ပွဲချိန် ၂၁ မိနစ်တွင် ဧည့်သည်အသင်းက ဦးဆောင်ဂိုးစရခဲ့သည်။ ISPE အသင်းအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူးရွှေရည်ထွန်းက ပိတ်သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ကစားပုံပိုကောင်းခဲ့သည့် ISPE အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံးမှ လူစားလဲမှုများ ပြုလုပ်ခဲ့သည်။ ပွဲချိန် ၄၈ မိနစ်တွင် ISPE အသင်းက ဒုတိယဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး ယင်းဂိုးကို ပထမဂိုး သွင်းပေးခဲ့သည့် ရွှေရည်ထွန်းမှပင် တောင်ပံမှ ပြေးဆွဲကာ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၆၅ မိနစ်တွင် အိမ်ရှင်အသင်းမှ ချေပဂိုး စတင်ရခဲ့ပြီး ISPE အသင်း၏ နောက်တန်းအမှားကို အခွင့်အရေးယူကာ မေထက်လူက ဂိုးသမားကို ကျော်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်အသင်း၏ ချေပဂိုး ရပြီးသည့်နောက်တွင် နှစ်သင်းစလုံးကစားပုံ ပိုမိုမြိုင်ဆိုင်လာခဲ့သည်။ သိုသော် ISPE အသင်းသည် ပွဲပြီးဆုံးချိန်ထိ အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့သည်။ ISPE အသင်းသည် ယနေ့ အဝေးကွင်းပွဲအနိုင်ရလဒ်ကြောင့် အဆင့် ၁ နေရာသို တက်ရောက်နိုင်ခဲ့သည်။
You can view the PDF version here.