I.S.P.E FC
2
-
0
Yangon United FC
Lin Myint Mo 15′
Me Me Zin 40′
⚽
Myanmar Women’s League 2026-27 Week-4 ပွဲစဉ်ကောင်းဖြစ်သည့် ISPE FC နှင့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်က ပြီးဆုံးသွားခဲ့ပါပြီ။
ပဒုမ္မာကွင်းမှာ ကျင်းပခဲ့တဲ့ အထက်ပါပွဲစဉ်မှာ ISPE FC အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိသွားခဲ့တာပါ။
ပွဲစကတည်းက နှစ်သင်းစလုံးအနိုင်ရရှိရေး ဦးတည်ကြိုးပမ်းခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ISPE FC အသင်းကပဲ ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့တာတွေ့ရပါတယ်။
အရန်လူအင်အား သာလွန်မှုက ISPE FC အတွက် ခွန်အားတရပ်ဖြစ်ခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ ရွှေရည်ထွန်းနဲ့ မိမိဇင်တို့က ၁၅ မိနစ်၊ ၄၀ မိနစ်တွေမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ယနေ့ပွဲအနိုင်ရလဒ်ကြောင့် ISPE FC အသင်းအနေနဲ့ ရမှတ် (၁၂) မှတ်နဲ့ အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။
You can view the PDF version here.