Yadanarbon FC
7
-
1
Zwekapin United
WIN SANDAR (1′,45′)
MAY SABAL PHOO (11′,21′)
MARIA LOURDES LAYACAN 55′
PIN MYINT YAN 69′
HNIN WINT WAR KYAW 84′
GLORIA FOSUAH 58′
ရတနာပုံအက်ဖ်စီအသင်းအနေနဲ့ ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအသင်းကို တိုက်စစ်ဂိုးမိုးရွာပြီး (၇-၁) ဂိုးရလဒ်နဲ့အတူ နိုင်ပွဲဆက်ခဲ့တာတွေ့ရပါတယ်။
သုဝဏ္ဏကွင်းမှာ ကျင်းပခဲ့တဲ့ ယနေ့ပွဲမှာ ရတနာပုံအသင်းတိုက်စစ်ပိုင်းကို ဝင်းသိင်္ဂီထွန်းနဲ့ ဖိလစ်ပိုင်တိုက်စစ်မှူး မာရီယာတို့ ဦးဆောင်ခဲ့ပြီး လူငယ်တိုက်စစ်မှူး ဝင်းစန္ဒာလည်း သွင်းဂိုးတွေနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့တာပါ။
အထူးသဖြင့် တစ်ပွဲနှင့်တစ်ပွဲ ပိုမိုတည်ငြိမ်လာတဲ့ ရတနာပုံအသင်းရဲ့ ကစားဟန်ကြောင့် ဇွဲကပင်ယူနိုက်တက်အသင်း အခက်တွေ့ခဲ့ရပြီး ဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
ဇွဲကပင်ယူနိုက်တက်အသင်းအနေနဲ့ နိုင်ငံခြားကစားသမားတွေနဲ့အတူ အဓိက ကစားသမားအစုံအလင်နီးပါး ပွဲထွတ်အသုံးပြုခဲ့ပေမယ့် အချိတ်အဆက် နားလည်မှုအပိုင်းမှာ လိုအပ်ချက်တွေ မြင်တွေ့ခဲ့ရပါတယ်။
ရတနာပုံအသင်းအတွက် ဝင်းစန္ဒာက နှစ်ဂိုး၊ ကွင်းလယ်ပိုင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ မေစပါယ်ဖူးကနှစ်ဂိုးနဲ့ မာရီယာ၊ ပင်မြင့်ယံနဲ့ နှင်းဝင့်ဝါကျော်တို့က တစ်ဂိုးစီရယူပေးခဲ့တာဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်အသင်းအတွက် ဂလိုရီယာက ပင်နယ်တီမှတစ်ဆင့် သွင်းဂိုးတစ်ဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။
ရတနာပုံအသင်းအနေနဲ့ ပွဲစဉ်(၄)မှာ မြဝတီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်အသင်းဟာ ယခုအပတ်မှာ ရှုံးပွဲကြုံခဲ့တဲ့ ဧရာဝတီအသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။
You can view the PDF version here.