Zwekapin United FC
0
-
5
Ayeyawady FC
NAN KHAING ZIN MYINT (11′, 71′, 76′)
RITU PORNA CHAKMA 46′
SU SU KHIN 24′
ပွဲစဉ်(၃)တွင် ရှုံးပွဲကြုံတွေ့ထားသည့် ဧရာဝတီအက်ဖ်စီအသင်းသည့် ယနေ့ ဇွဲကပင်ယူနိုက်တက်အက်ဖ်စီနှင့် ပွဲစဉ်တွင် နိုင်ပွဲပြန်လည် ရရှိခဲ့သည်ကို တွေ့ရသည်။
ဧရာဝတီအက်ဖ်စီအသင်းသည် ယနေ့ပွဲတွင် စန်းသော်သော်၊ မေထက်လူ၊ ဇွန်ယုယဦးတို့ ပါဝင်ခြင်းမရှိသော်လည်း ဇွဲကပင်ယူနိုက်တက်အသင်းကို ငါးဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဇွဲကပင်ယူနိုက်တက်အသင်းသည့် ယနေ့ပွဲတွင် ဂလိုရီယာအား အထောင်တိုက်စစ်တွင်ထားကာ တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့သော်လည်း အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ခြင်းမရှိပေ။
ဧရာဝတီအက်ဖ်စီအသင်းအတွက် အနိုင်ဂိုးများကို ကွင်းလယ်တိုက်စစ်မှူး နန်းခိုင်ဇင်မြင့်က ဟက်ထရစ်သွင်းယူပေးပြီး စုစုကြည်က တစ်ဂိုးနှင့် ဇင်မာထွန်းက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်းဖြစ်သည်။
ပွဲစဉ်အမှတ်(၅) တွင် ဇွဲကပင်ယူနိုက်တက်အသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဧရာဝတီအက်ဖ်စီအသင်းသည် မြဝတီအသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။