Yangon City FC vs Ayeyawady FC

Home Yangon City FC vs Ayeyawady FC

Yangon City FC

0

-

3

Ayeyarwady FC

MAY HTET LU 23′

RITU PORNA CHAKMA 63′

SAN THAW THAW 79′

ယနေ့ပွဲတွင် ဧရာဝတီအသင်းသည် ပွဲစတင်သည်နှင့် တစ်ပြိုင်နက် ဂိုးရရန် ကြိုးပမ်းခဲ့သော် ရန်ကုန်စီးတီး အသင်း၏ ခံစစ်အတန်းလိုက် ကစားပုံကြောင့် ရုန်းကန်ခဲ့ရသည်။ ဧရာဝတီအသင်းသည် ပထမပိုင်း၂၃ မိနစ်တွင် ရသည့် မေထက်လူ၏ သွင်းဂိုးတစ်ဂိုးဖြင့်သာ ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ၆၂ မိနစ်နှင့် ၇၉ မိနစ်တို့တွင် ရီတူး၊ စန်းသော်သော်တို့က တစ်ဂိုးစီ ထပ်မံသွင်းပေးခဲ့ပြီး ပွဲအပြီးတွင် ဧရာဝတီအသင်းက ရန်ကုန်စီးတီးအသင်းကို (၀-၃) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယနေ့ပွဲတွင် ရန်ကုန်စီးတီးအသင်း၏ ခံစစ်အားပြု ကစားပုံကောင်းမွန်ခဲ့ပြီး ရန်ကုန်စီးတီးအသင်း ဂိုးသမား ပွင့်ဖြူသည်လည်း လက်စွမ်းပြနိုင်ခဲ့သည်။

Yangon City FC vs Ayeyawady FC | Myanmar Women's League 2026-27 | Highlights

Yangon City FC vs Ayeyawady FC | Myanmar Women's League 2026-27 | Full Match

You can view the PDF version here.