Yangon City FC
0
-
5
Shan United FC
Saung Hnin Phway 43′
Sandar Aung 48′,56′,76′
Nang Phyu Phyu Thwe 51′
Myanmar Women’s League 2026-27 ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယခုနှစ်ရာသီ အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိနေပြီး သုံးပွဲဆက် နိုင်ပွဲရရှိထားသည်ကိုတွေ့ရသည်။
ယနေ့ ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သော Myanmar Women’s League 2026-27 ပွဲစဉ်(၅)တွင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းက ရန်ကုန်စီးတီးအက်ဖ်စီအသင်းကို ငါးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယနေ့နိုင်ပွဲနှင့်အတူ သုံးပွဲဆက်နိုင်ပွဲမှတ်တမ်းအား ရေးထိုးနိုင်ခဲ့ကာ အမှတ်ပေးဇယားအဆင့်(၃)နေရာသို့ ဇွဲကပင်ယူနိုက်တက်အက်ဖ်စီ-ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်မတိုင်မီ ယာယီတက်လှမ်းနိုင်ခဲ့သည်။
ရန်ကုန်စီးတီးအက်ဖ်စီအသင်းသည် ယနေ့တွင် ပထမပိုင်း၌ ခံစစ်ပိုင်းစွမ်းဆောင်ရည် ကောင်းမွန်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အခွင့်အရေးများ ဆက်တိုက်ပေးခဲ့ရပြီးနောက် ရှုံးပွဲကြုံခဲ့ရခြင်းဖြစ်သည်။
No information yet