Zwekapin United FC vs Thitsar Arman FC

Home Zwekapin United FC vs Thitsar Arman FC

Zwekapin United FC

2

-

9

Thitsar Arman FC

ZIN MOE PYAE 57′,90′(+2′)

HNIN WAI HNIN 66′,86′

NAY MYO THU THU AUNG 51′

NAN KHAM HWAN 61′

ယနေ့ညနေက ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-8) တွင် သစ္စာအားမာန်အက်ဖ်စီက ဇွဲကပင်ယူနိုက်တက်အက်ဖ်စီကို ကိုးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲတွင် ဇွဲကပင်ယူနိုက်တက်အသင်းအနေဖြင့် ခံစစ်ပိုင်း အနည်းငယ်အပြောင်းအလဲပြုလုပ်ပြီး ယောလ်လွန်းသျှရီ၊ ဂလိုရီယာတိုကို တိုက်စစ်တွင်ထားကာ ၎င်းတိုအားသာသည့် တန်ပြန်တိုက်စစ်များကို အားပြု ကစားသွားခဲ့သည်။
ပွဲအစတွင် ဇွဲကပင်ယူနိုက်တက်၏ တန်ပြန်တိုက်စစ်ကစားပုံ ကောင်းခဲ့သလို ဂိုးရရှိရန် နီးစပ်မှု ရှိခဲ့သည်ကို တွေ့ရသည်။ သိုသော် ပွဲချိန်ကြာလာသည်နှင့်အမျှ သစ္စာအားမာန်အသင်း၏ တန်ပြန်ဖိအားပေးမှုဒဏ်ကို မခံနိုင်ဘဲ ပေးဂိုးများ ဆက်တိုက်ဆိုသလို ခွင့်ပြုခဲ့ရသည်။

သစ္စာအားမာန်အက်ဖ်စီအသင်းသည် ယနေ့ပွဲတွင် မြဝတီအက်ဖ်စီအား သုံးဂိုးပြတ် အနိုင်ရရှိခဲ့သော ပွဲစဉ်မှ လူစာရင်းကို ဆက်လက်အသုံးပြုပြီး ၄-၄-၂ ပုံစံဖြင့် ပွဲထွက်လာခဲ့ခြင်းဖြစ်သည်။ ပွဲချိန်တလျောက် တရစပ်တိုက်စစ်ဆင်ကစားပြီး ယခုနှစ်ရာသီ လေးပွဲမြောက်နိုင်ပွဲကို ဖော်ဆောင်သွားနိုင်ခဲ့သည်။

သစ္စာအားမာန်အက်ဖ်စီအတွက် ၇ မိနစ်တွင် ဇွဲကပင်ယူနိုက်တက် နောက်ခံလူ Drame ၏ OG သွင်းဂိုး၊ ၂၃၊ ၅၀ မိနစ်များတွင် ယွန်းဝတီ၊ ၃၂၊ ၃၄ မိနစ်များတွင် မြတ်နိုးခင်၊ ၅၉၊ ၆၉ မိနစ်များတွင် ဝင်းဝင်း၊ ၈၅၊ ၉+၂ မိနစ်များတွင် လူစာဝင်းကစားသမား ချစ်ဆုဝေတိုက သွင်းဂိုးများ ရယူပေးခဲ့ခြင်းဖြစ်သည်။
ဇွဲကပင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးနှစ်ဂိုးကို ယောလ်လွန်းသျှရီနှင့် ဂလိုရီယာတိုက တစ်ဂိုးစီရယူပေးခဲ့သည်။

သစ္စာအားမာန်အသင်းသည် ယနေ့ပွဲရလဒ်ကြောင့် အမှတ်ပေးဇယားအဆင့် (၅) နေရာသို ယာယီတက်လှမ်းသွားနိုင်ခဲ့သည့်နည်းတူ တိုက်စစ်မှူး မြတ်နိုးခင်သည် အသင်းအတွက် ယခုနှစ်ရာသီ၌ သွင်းဂိုး (၈) ဂိုးအထိ သွင်းယူပေးထားနိုင်သည့် တိုက်စစ်ကစားသမားတစ်ဦး ဖြစ်လာသည်။

Zwekapin United FC vs Thitsar Arman FC | Myanmar Women's League 2026-27 | Highlights

Zwekapin United FC vs Thitsar Arman FC | Myanmar Women's League 2026-27 | Full Match

You can view the PDF version here.