မြန်မာအမျိုးသမီးလိဂ်ချန်ပီယံ ဧရာဝတီအက်ဖ်စီ ပါဝင်ယှဉ်ပြိုင်သွားမည့် AFC Women’s Champions League 2026/27 Preliminary Stage ပွဲစဉ်များ

August 15, 2026

မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့အတွက် ကစားသမားသစ်များ ရွေးချယ်သွားမည့် ဇွဲကပင်ယူနိုက်တက်အသင်း

August 17, 2026

Latest News

AFC Women’s Champions League 2026/27 Preliminary Stage Group (F) ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲ (Pre-Match Press Conference)

August 16, 2026

AFC Women’s Champions League 2026/27 Preliminary Stage Group (F) ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲ (Pre-Match Press Conference) ကို ယနေ့ မွန်းလွဲ ၂:၀၀ နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် အသင်းများမှ နည်းပြချုပ်များနှင့် အသင်းခေါင်းဆောင်များ တက်ရောက်၍ မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့ကြသည်။

ဧရာဝတီအက်ဖ်စီ အသင်း

နည်းပြချုပ် Kumiko Tashiro: “အာရှအမျိုးသမီး ချန်ပီယံလိဂ်ကို ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်မအနေနဲ့ ပထမရာသီဝက်ပြီးခါနီးမှ နည်းပြအဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်လို့ ပြင်ဆင်ချိန် အများကြီးမရခဲ့ပါဘူး။ ဒါပေမဲ့လည်း အစွမ်းကုန် ကြိုးစားထားပြီး မနက်ဖြန်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ဒီပွဲမှာ အနိုင်ရရှိဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အသင်းတိုင်းကလည်း အနိုင်ရဖို့ ပြင်ဆင်လာကြတာဖြစ်တဲ့အတွက် လွယ်ကူတဲ့ပွဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့အသင်း အနိုင်ရရှိဖို့ ပြင်ဆင်ထားတာတွေကို ကွင်းအတွင်း အကောင်းဆုံး ပြသသွားမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်ဖို့လည်း အစွမ်းကုန် ယှဉ်ပြိုင်သွားပါမယ်။”

အသင်းခေါင်းဆောင် နော်ထက်ထက်ဝေ: “မင်္ဂလာပါ၊ အားလုံးကို နှုတ်ဆက်ပါတယ်။ နော်ကြီးတို့အနေနဲ့ ဒီပွဲကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အခွင့်အရေးကို အကောင်းဆုံး အသုံးချသွားမှာပါ။ အစစအရာရာ အပြည့်အဝ ပြင်ဆင်ထားတာ ဖြစ်တဲ့အတွက် မနက်ဖြန်ပွဲမှာ အကောင်းဆုံး ပွဲကောင်းတစ်ခု ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ “

FC Jurong အသင်း

နည်းပြချုပ် Keiji Shigetomi: “ဧရာဝတီအသင်းမှာ အရည်အသွေးမီတဲ့ ကစားသမားကောင်းတွေ အများကြီးရှိသလို၊ သူတို့ဘက်ကလည်း ပွဲအတွက် အသေအချာ ပြင်ဆင်လာကြတာပါ။ ကျွန်တော်တို့မှာလည်း ဂျပန်ကစားသမားတွေ ပါဝင်လာမှာဆိုတော့ ဒီပွဲဟာ အတော်လေးကို အကြိတ်အနယ်ရှိပြီး ခက်ခဲမယ့်ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကွင်းအတွင်း လိုက်လျောညီထွေရှိအောင် ကစားနိုင်ဖို့ကိုပဲ အဓိက အာရုံစိုက်သွားမှာပါ။”

အသင်းခေါင်းဆောင် Rosnani Azman: “ဧရာဝတီက ကောင်းမွန်တဲ့ အသင်းတစ်သင်းပါ။ သူတို့နိုင်ငံရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်တာကြောင့် ကျွန်မတို့ လေးစားမှုရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာလည်း ကိုယ့်ရဲ့ စိတ်အားထက်သန်မှုနဲ့ တက်ကြွမှုတွေ အပြည့်ရှိပါတယ်။”

NO Limits အသင်း

နည်းပြချုပ် Hagop Demirjian: “ပြိုင်ဘက်အသင်းတွေအကြောင်းကို လေ့လာထားပါတယ်။ အသင်းတော်တော်များများဟာ အဆင့်မြင့်အသင်းတွေဖြစ်ပြီး အရည်အသွေးမြင့် ကစားသမားတွေ ပါဝင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ ဒီလိုအဆင့်မှာ လာရောက်ယှဉ်ပြိုင်ခွင့်ရတာနဲ့တင် ပျော်ရွှင်ရသလို၊ တစ်ပွဲချင်း အကောင်းဆုံး ကြိုးစားသွားမှာပါ။”

အသင်းခေါင်းဆောင် Clara Najjar: “ကျွန်မတို့အသင်းဟာ စိတ်အားထက်သန်မှု အပြည့်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းပါ။ ပြိုင်ဘက်အသင်းတွေကို လေးစားပေမဲ့လည်း ကျွန်မတို့ဘက်က ပွဲအတွက် လုံလောက်စွာ ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရလဒ် ရရှိဖို့အတွက် အားလုံး စိတ်အားထက်သန်စွာ ရှိနေကြပါတယ်။”

New Taipei Hang Yuan FC အသင်း

နည်းပြချုပ် Hung Chin-Hwai: “အသင်းမှာ နိုင်ငံခြားကစားသမား ၄ ဦးပါဝင်ပြီး ပြင်ဆင်မှုကို ကျေနပ်ပါတယ်။ ခေါ်ယူထားတဲ့ နိုင်ငံခြားသားတွေဟာ အဆင့်မြင့်ကစားသမားတွေဖြစ်ကြပါတယ်။ ကြံ့ခိုင်မှုရော နည်းဗျူဟာပိုင်းပါ အလွန်ကောင်းမွန်ကြတာမို့ အသင်းအတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။”

အသင်းခေါင်းဆောင် Su Sin-Yuan: “ပြိုင်ဘက်အသင်းတွေဟာ မတူညီတဲ့ နည်းဗျူဟာ၊ မတူညီတဲ့ ကစားဟန်တွေနဲ့ ပွဲထွက်လာကြမှာဖြစ်လို့ ကျွန်မတို့အတွက် အတွေ့အကြုံကောင်းတွေ ရရှိမှာဖြစ်ပြီး၊ ဒီအတွေ့အကြုံတွေကို အသုံးပြုကာ အကောင်းဆုံး ပြင်ဆင်ယှဉ်ပြိုင်သွားပါမယ်။”

Related News

September 29, 2026
၂၀၂၇ ခုနှစ် အာရှ ယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ (AFC U17 Women’s Asian Cup 2027) ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် Young Lionesses (မြန်မာ ယူ-၁၇) အသင်း၏ ပုံရိပ်များ
September 13, 2026
တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အတွက် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် Colin Bell ၏ မီဒီယာတွေ့ဆုံပွဲ ပြောကြားချက်