အုပ်စု ဒုတိယပွဲတွင် လက်ဘနွန်ကလပ်ကို ဂိုးပြတ်အနိုင်ရခဲ့သည့် ဧရာဝတီအသင်း

August 20, 2026

မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့ပွဲစဉ်များအတွက် ရတနာပုံအသင်း လေ့ကျင့်မှုများ ပြန်လည်စတင်

August 30, 2026

Latest News

ရှုံးပွဲမရှိ စံချိန်ဖြင့် အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ဧရာဝတီ

August 23, 2026

မြန်မာအမျိုးသမီးလိဂ်ချန်ပီယံ ဧရာဝတီအသင်းသည် AFC Women’s Champions League 2026/27 ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ (Preliminary Stage)တွင် အုပ်စုပွဲစဉ် သုံးပွဲစလုံး အနိုင်ရခဲ့ပြီး အုပ်စုအဆင့် (Group Stage)သို့ တက်‌ရောက်ခဲ့သည်။
ဧရာဝတီအသင်းသည် ဩဂုတ် ၂၃ ရက်(ယနေ့) ညနေက တရုတ်တိုင်ပေကလပ် New Taipei City Hang Yuan FC အသင်းကို (၀-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အုပ်စုသုံးပွဲကစားအပြီးတွင် သုံးပွဲစလုံး အနိုင်ရရှိကာ အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီအသင်းသည် စင်ကာပူကလပ် FC Jurong အသင်းကို (၄-၀) ဂိုးဖြင့်လည်းကောင်း၊ လက်ဘနွန်ကလပ် No Limits FC အသင်းကို (၀-၈) ဂိုးဖြင့်လည်းကောင်း၊ တရုတ်တိုင်ပေကလပ် New Taipei City Hang Yuan FC အသင်းကို (၀-၁) ဂိုးဖြင့် လည်းကောင်း အနိုင်ရခဲ့သည်။

Related News