AFC Women's Champions League 2026/27 (Preliminary Stage ) အုပ်စုဒုတိယပွဲစဉ်အဖြစ် ဩဂုတ် ၂၀ ရက်(ယနေ့) ညနေ (၄:၀၀) သုဝဏ္ဏကွင်းတွင် လက်ဘနွန်ကလပ် No Limits FC အသင်း နှင့် ဧရာဝတီအသင်းတို ကစားခဲ့ကြပြီး ဧရာဝတီအသင်းက (၀-၈) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းအတွက် သွင်းဂိုးများကို မေထက်လူ(နှစ်ဂိုး) ၊ Yumemi Matsuo၊ ဇင်မိုးပြည့်၊ ဖြူဖြူဝင်း၊ လင်းမြင့်မို၊ NeNe Mochizuki နှင့် ဝင်းသိင်္ဂီထွန်းတိုက အသီးသီး သွင်းယူပေးခဲ့သည်။ ဧရာဝတီအသင်းသည် အုပ်စု နောက်ဆုံးပွဲအဖြစ် လာမည့် ဩဂုတ် ၂၃ ရက်၊ ညနေ(၄:၀၀) သုဝဏ္ဏကွင်းတွင် တရုတ်(တိုင်ပေ)ကလပ် NEW TAIPEI CITY HANG YUAN FC အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။
AFC Women's Champions League 2026/27
(Preliminary Stage )
…………………………………
NO LIMITS FC 0️⃣-8️⃣ AYEYAWADY FC
May Htet Lu 9', 72'
Yumemi Matsuo 21'
Zin Moe Pyae 23'
Phyu Phyu Win 47'
Lin Myint Mo 48'
NeNe Mochizuki 54'
Win Theingi Tun 90