Myanmar Women’s League 2026-27 ရာသီဝက်အတွင်း Clean Sheets အများဆုံးရရှိထားသည့် ဂိုးသမားများ

August 14, 2026

Latest News

မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့အတွက် ကစားသမားသစ်များ ရွေးချယ်သွားမည့် ဇွဲကပင်ယူနိုက်တက်အသင်း

August 17, 2026

ဇွဲကပင်ယူနိုက်တက်အမျိုးသမီးအသင်းသည် Myanmar Women’s League 2026-27 ဒုတိယအကျော့ ပွဲစဥ်များအတွက် ကစားသမားသစ်များ ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကစားသမားသစ်များ ရွေးချယ်ခြင်းအစီအစဉ်ကို လာမည့် သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ရန်ကုန်မြို့ရှိ၊ နဝဒေးဘောလုံးကွင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် အားကစားဝတ်စုံအပြည့်ဖြင့် လာရောက်စမ်းသပ် ရွေးချယ်ခံနိုင်မည်ဖြစ်သည်။

ဘောလုံးအားကစားအပေါ် စိတ်အားထက်သန်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အကောင်အထည်ဖော်လိုသူများ အနေဖြင့် ဇွဲကပင်ယူနိုက်တက်အမျိုးသမီးအသင်းနှင့်အတူ လာရောက် စမ်းသပ်ရွေးချယ်ခံနိုင်ကြောင်း ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ဇွဲကပင်ယူနိုက်တက်အသင်းသည် ပထမအကျော့ (၉) ပွဲ ကစားအပြီးတွင် နှစ်ပွဲနိုင်၊ ခုနှစ်ပွဲရှုံး ရလဒ်ဖြင့် အဆင့် (၈) နေရာတွင် ရပ်တည်လျက်ရှိသည်။

လူရွေးချယ်ပွဲအတွက် အချိန်၊နေ့ရက်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ

📅 Date — 27 AUGUST – 15 SEPTEMBER,2026
⏰ Time — 3:00 PM
📍 Venue — [NAWADAY STADIUM ]
☎ 09- 450007372/09-421113170/09-799477294

Related News

August 13, 2026
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်သစ် ခန့်အပ်လွှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ
August 13, 2026
Myanmar Women’s League 2026-27 ပြိုင်ပွဲ၏ ရာသီဝက်အပြီးတွင် အကောင်းဆုံးပုံစံဖြင့် သွင်းဂိုးများ ရယူထားနိုင်သည့် ထိပ်တန်းဂိုးသွင်းရှင်များစာရင်း
July 2, 2026
အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်ကို မြန်မာနိုင်ငံကလက်ခံကျင်းပမည်ဖြစ်ပြီး ဧရာဝတီအက်ဖ်စီအသင်း အုပ်စု (F)အတွင်း ကျရောက်