Myanmar Women’s League 2026-27 ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

May 29, 2026

၂၀၂၅-၂၆ မြန်မာအမျိုးသမီးလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် သွင်းဂိုး (၂၂) ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆု ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ဇင်မိုးပြည့်

June 3, 2026

Latest News

မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီအသင်း ပါဝင်သည့် AFC အမျိုးသမီးချန်ပီယံလိဂ် ပဏာမအဆင့် မဲခွဲပွဲ ဇူလိုင်လတွင် ပြုလုပ်မည်

June 3, 2026

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ဦးစီးကျင်းပမည့် AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ ပဏာမအဆင့် (Preliminary Stage) မဲခွဲပွဲ အခမ်းအနားကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက် (ကြာသပတေးနေ့) မလေးရှားစံတော်ချိန် ၁၅:၀၀ နာရီ (မြန်မာစံတော်ချိန် မွန်းလွဲ ၁:၃၀ နာရီ) တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ AFC House ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြီးခဲ့သည့်နှစ် မြန်မာအမျိုးသမီးလိဂ် ချန်ပီယံ ဧရာဝတီအက်ဖ်စီ (Ayeyawady FC) အသင်းပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်​ပါသည်။

ယခုနှစ်ပြိုင်ပွဲတွင် စုစုပေါင်း ကလပ်အသင်း ၃၁ သင်း ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး၊ အဆင့်အမြင့်ဆုံး အသင်း ၅ သင်းမှာ အုပ်စုအဆင့် (Group Stage) သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိထားသည်။ မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီအသင်း အပါအဝင် ကျန်ရှိသည့် ကလပ်အသင်း ၂၆ သင်းမှာမူ ပဏာမအဆင့် (Preliminary Stage) မှ စတင်၍ အုပ်စုအဆင့် တက်ရောက်ခွင့်ရရန် အကြိတ်အနယ် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

Related News