ပွဲစဉ်(၁)တွင် ဂိုးပြတ်နိုင်ပွဲရရှိပြီးနောက် ဧရာဝတီအက်ဖ်စီအသင်း အမှတ်ပေးဇယားကိုဦးဆောင်

June 17, 2026

အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်ကို မြန်မာနိုင်ငံကလက်ခံကျင်းပမည်ဖြစ်ပြီး ဧရာဝတီအက်ဖ်စီအသင်း အုပ်စု (F)အတွင်း ကျရောက်

July 2, 2026

Latest News

ဧရာဝတီအက်ဖ်စီအသင်းက Young Lionesses FC အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ

June 23, 2026

ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းမှာ ယနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ Myanmar Women’s League 2026-27 ပွဲစဉ်(၂)မှာ ဧရာဝတီအက်ဖ်စီအသင်းက Young Lionesses FC အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဧရာဝတီအက်ဖ်စီအသင်းအတွက် တောင်ပံကစားသမား အူဘေးက တစ်ဂိုး၊ တိုက်စစ်မှူး စန်းသော်သော်က နှစ်ဂိုးသွင်းယူပေးခဲ့တာပါ။

ယနေ့ပွဲစဉ်ရဲ့ AYA Pay Player of the Match ဆုကို သွင်းဂိုးနှစ်ဂိုးနှင့်အတူ အသင်းနိုင်ပွဲအတွက် အရေးပါခဲ့တဲ့ စန်းသော်သော်က ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီအသင်းအနေနဲ့ ပွဲစဉ်(၃)မှာ ချန်ပီယံဟောင်း ISPE FC အသင်းနဲ့ ကိုးသိန်းကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Related News