ဧရာဝတီအက်ဖ်စီအသင်းက Young Lionesses FC အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ

June 23, 2026

Myanmar Women’s League 2026-27 ပြိုင်ပွဲ၏ ရာသီဝက်အပြီးတွင် အကောင်းဆုံးပုံစံဖြင့် သွင်းဂိုးများ ရယူထားနိုင်သည့် ထိပ်တန်းဂိုးသွင်းရှင်များစာရင်း

August 13, 2026

Latest News

အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်ကို မြန်မာနိုင်ငံကလက်ခံကျင်းပမည်ဖြစ်ပြီး ဧရာဝတီအက်ဖ်စီအသင်း အုပ်စု (F)အတွင်း ကျရောက်

July 2, 2026

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ဦးဆောင်ကျင်းပမည့် AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ ပဏာမအဆင့် (Preliminary Stage) မဲခွဲပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၂ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ AFC House ၌ ကျင်းပပြုလုပ်ခဲ့ပြီး Myanmar Women’s League 2025-26 ချန်ပီယံ ဧရာဝတီအက်ဖ်စီအသင်းသည် အုပ်စု (F) အတွင်း ကျရောက်ခဲ့သည်။

မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီအသင်းပါဝင်သည် အုပ်စု (F) ခြေစစ်ပွဲစဉ်များကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ ဧရာဝတီအက်ဖ်စီအသင်းသည် ယင်းအုပ်စုတွင် တရုတ်တိုင်ပေကလပ် New Taipei City Hang Yuan FC၊ စင်ကာပူကလပ် FC Jurong၊ လက်ဘနွန်ကလပ် No Limits FC အသင်းများနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။

ပဏာမအဆင့် (Preliminary Stage) တွင် ခြေစစ်ပွဲဝင် အသင်း ၂၄ သင်း ပါဝင်ပြီး လေးသင်းပါ အုပ်စု ၆ ခု ခွဲဝေကျင်းပမည်ဖြစ်ကာ အုပ်စုတစ်ခုစီမှ အုပ်စုပထမရရှိသည့် ၆ သင်းသာ နောက်တစ်ဆင့် (Group Stage) သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် လက်ရှိချန်ပီယံ နာဂိုယန်း (မြောက်ကိုရီးယား)၊ မဲလ်ဘုန်းစီးတီး (သြစတြေးလျ)၊ ဟွာချွန်း ကေအက်စ်ပီအို (တောင်ကိုရီးယား)၊ အိုင်နက်ခ်ကိုဘီ လီယွန်နက်ဆာ(ဂျပန်)၊ ပေကျင်းဂျင်းတန် (တရုတ်) နှင့် ဟိုချီမင်းစီးတီး (ဗီယက်နမ်) အသင်းများမှာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိထားပြီးဖြစ်သည်။

ပြီးခဲ့သည့် AFC Women’s Champions League 2025/26 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ISPE FC ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်အထိ တက်ရောက်ကစားခွင့် ရရှိခဲ့သည်။

Related News