ပွဲကြည့်ရင်း ဆုလက်ဆောင်တွေ ရယူကြမယ်

June 15, 2026

ပွဲစဉ်(၁)တွင် ဂိုးပြတ်နိုင်ပွဲရရှိပြီးနောက် ဧရာဝတီအက်ဖ်စီအသင်း အမှတ်ပေးဇယားကိုဦးဆောင်

June 17, 2026

Latest News

AYA Pay Player of the Match ဆုကြေးငွေ ကျပ်ငါးသိန်းအထိ တိုးမြှင့်ချီးမြှင့်သွားမည်

June 16, 2026

ယနေ့ စတင်ကျင်းပမည့် Myanmar Women’s League 2026-27 ဘောလုံးရာသီ ပွဲစဉ်များအားလုံးတွင် တစ်ပွဲချင်းစီအလိုက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံရသည့် ကစားသမားများကို AYA Pay Player of the Match ဆုတံဆိပ်နှင့်အတူ AYA Pay ငါးသိန်းကျပ် တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီတွင် AYA Pay Player of the Match ဆုရရှိသည့် ကစားသမားများအား တစ်ပွဲလျှင် ဆုငွေကျပ် တစ်သိန်း ချီးမြှင့်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်ရည်ကောင်းများကို ပိုမိုအသိအမှတ်ပြုဂုဏ်ပြုနိုင်ရန်အတွက် ဆုကြေးငွေကို ကျပ်ငါးသိန်းအထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ AYA Pay Player of the Match ဆုရွေးချယ်ရာ၌ ယှဉ်ပြိုင်ကစားကြသည့် အသင်းနှစ်သင်းမှ Head Coach နှစ်ဦးနှင့် Assistant Coach နှစ်ဦးတို့၏ မဲပေးရွေးချယ်မှုများကို အခြေခံ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Women’s Technical Study အဖွဲ့ဝင်များက အတည်ပြု ရွေးချယ် ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။

Related News

September 29, 2026
၂၀၂၇ ခုနှစ် အာရှ ယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ (AFC U17 Women’s Asian Cup 2027) ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် Young Lionesses (မြန်မာ ယူ-၁၇) အသင်း၏ ပုံရိပ်များ
September 13, 2026
တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အတွက် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် Colin Bell ၏ မီဒီယာတွေ့ဆုံပွဲ ပြောကြားချက်