ယနေ့ ညနေ (၄)အချိန်မှာ သုဝဏ္ဏအားကစားကွင်းမှာ စတင်ယှဉ်ပြိုင်ကစားမယ့် Myanmar Women’s League 2026-27 ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ Shan United FC VS I.S.P.E FC ပွဲစဉ်ကို လာရောက်အားပေးကြမယ့် ပရိသတ်တွေအတွက် အမှတ်တရဖြစ်စေဖို့အတွက် ကံစမ်းမဲအစီအစဉ် ထည့်သွင်းစီစဉ်ပေးထားကြောင်း သတင်းကောင်းပါးပါရစေခင်ဗျာ။
ကံစမ်းမဲတွေထဲမှာ Myanmar Women’s League 2026-27 တစ်ရာသီလုံးကြည့်ရှုခွင့်ရမယ့် Season Pass အထူးလက်မှတ် (၁၀)စောင်ကို ထည့်သွင်းပေးထားပြီး မြန်မာ့လက်ရွေးစင်အသင်း Jogarbola Player Version ဂျာစီ (၃)ထည်၊ FIFA အသိအမှတ်ပြု Dong Luc Official Match Ball (၃)လုံးတို့ပါဝင်မှာဖြစ်ပါတယ်။
ကံစမ်းမဲဖောက်ပေးမယ့် အစီအစဉ်ကို ပထမပိုင်းအပြီး ပွဲရပ်နားချိန်မှာ ပြုလုပ်ပေးသွားမှာဖြစ်ပြီး ပွဲကြည့်ရှုခွင့်နဲ့ ကံစမ်းခွင့်ရမယ့် လက်မှတ်တွေကို သုဝဏ္ဏဘောလုံးကွင်း ဂိတ်အမှတ် (၂)နဲ့ ဂိတ်အမှတ် (၆)တို့မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လက်မှတ်တန်းဖိုးက ငွေကျပ် (၃၀၀၀)ပဲဖြစ်ပါတယ်။ အားလုံးပဲ ဆုလက်ဆောင်လေးတွေ ရယူနိုင်ကြပါစေ။







