မြန်မာအမျိုးသမီးလိဂ် ကလပ်အသင်းနည်းပြများနှင့် FIFA Mentor တွေ့ဆုံ၍ လေ့ကျင့်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေ

June 7, 2026

Myanmar Women’s League 2026-27 first round match schedule announced

June 10, 2026

Latest News

Myanmar Women’s League 2026-27 pre-tournament coordination meeting held

June 9, 2026

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့က ကြီးမှူးကျင်းပမည့် Myanmar Women’s League 2026-27 ဘောလုံးရာသီအတွက် ဒုတိယအကြိမ် ကလပ်အသင်းများ ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၉) ရက်နေ့ နံနက်ပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် မြန်မာနေရှင်နယ်လိဂ် COO ဦးစည်သူဝင်း၊ Myanmar Women’s League COO ဦးမိုးဝေအောင်၊ ပြိုင်ပွဲဝင်ကလပ်အသင်း (၁၀) သင်းမှ CEO များနှင့် အသင်းတာဝန်ရှိသူများ၊ ၂၀၂၆-၂၇ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၏ Host Broadcaster Partner ဖြစ်သည့် Forever Group မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် Myanmar Women’s League COO ဦးမိုးဝေအောင်က လာမည့် ဘောလုံးရာသီအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပွဲစဉ်ဇယား အတည်ပြုထုတ်ပြန်ရေး၊ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အစီအစဉ်များ၊ မီဒီယာနှင့် Content ထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပရေးနှင့် ကစားသမားမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် Host Broadcaster ဖြစ်သည့် Forever Group မှ တာဝန်ရှိသူများက ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကလပ်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များ၊ ပွဲစဉ်အကြိုနှင့် ပွဲစဉ်အပြီး မီဒီယာလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ကလပ်အသင်းတာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲကျင်းပရေး၊ အိမ်ကွင်း/အဝေးကွင်း ပွဲစဉ်များ၊ မီဒီယာနှင့် ထုတ်လွှင့်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများနှင့် အခြားသက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

၂၀၂၆-၂၇ မြန်မာအမျိုးသမီးလိဂ်ဘောလုံးရာသီကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၅) ရက်နေ့မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့အထိ (၈) လကြာ ကျင်းပသွားမည်ဖြစ်ပြီး ကလပ်အသင်းသစ် (၂) သင်း အပါအဝင် စုစုပေါင်း ကလပ်အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကို နှစ်ကျော့ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ်စုစုပေါင်း (၉၀) ပါဝင်မည်ဖြစ်ကာ ပွဲစဉ်များအားလုံးကို Free-to-Air ရုပ်သံလိုင်းများနှင့် Digital Platform များမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

Related News

September 29, 2026
၂၀၂၇ ခုနှစ် အာရှ ယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ (AFC U17 Women’s Asian Cup 2027) ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် Young Lionesses (မြန်မာ ယူ-၁၇) အသင်း၏ ပုံရိပ်များ
September 13, 2026
တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အတွက် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် Colin Bell ၏ မီဒီယာတွေ့ဆုံပွဲ ပြောကြားချက်