Myanmar Women’s League 2026-27 pre-tournament coordination meeting held

June 9, 2026

Myanmar Women’s League 2026-27 ပြိုင်ပွဲအကြို Official Partnership Signing Ceremony ကျင်းပ

June 12, 2026

Latest News

Myanmar Women’s League 2026-27 first round match schedule announced

June 10, 2026

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့က ကြီးမှူးကျင်းပမည့် Myanmar Women’s League 2026-27 ဘောလုံးရာသီအတွက် ပထမအကျော့ ပွဲစဉ်ဇယားကို ယနေ့ တရားဝင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ယခုနှစ် ဘောလုံးရာသီကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၅) ရက်နေ့မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့အထိ (၈) လကြာ ကျင်းပသွားမည်ဖြစ်ပြီး ကလပ်အသင်းသစ် (၂) သင်းဖြစ်သည့် ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီတို့ အပါအဝင် စုစုပေါင်း ကလပ်အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တစ်ရာသီလုံးတွင် ပွဲစဉ်စုစုပေါင်း (၉၀) ပါဝင်မည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်များအားလုံးကို Forever Group နှင့် ပူးပေါင်း၍ Free-to-Air ရုပ်သံလိုင်းများဖြစ်သည့် MRTV-4၊ Channel 7 နှင့် Readers Channel တို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး Online Streaming အနေဖြင့် Pyone Play Sports နှင့် YouTube တို့မှ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Week-1 အဖွင့်ပွဲစဉ်များအဖြစ် ရှမ်းယူနိုက်တက်အက်ဖ်စီနှင့် ISPE FC၊ Young Lionesses FC နှင့် မြဝတီအက်ဖ်စီ၊ ရန်ကုန်ယူနိုက်တက်အက်ဖ်စီနှင့် ရတနာပုံအက်ဖ်စီ၊ ရန်ကုန်စီးတီးအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီတို့ တွေ့ဆုံမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီအသင်းသည် သစ္စာအားမာန်အက်ဖ်စီအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်ယူနိုက်တက်အက်ဖ်စီသည် Yangon United Sports Complex (Y.U.S.C) ၌ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပသွားမည်ဖြစ်ပြီး ဧရာဝတီအက်ဖ်စီသည် ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌ ပထမအကျော့ (၂) ပွဲနှင့် ဒုတိယအကျော့ (၂) ပွဲကို အိမ်ကွင်းပွဲစဉ်များအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ ထို့အပြင် အခြားကလပ်အသင်းများ၏ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေးအတွက်လည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

Related News